တတိယအကြိမ်မြောက်အသိပေးတင်ပြခြင်း

ကုန်တင်ယာဉ်မောင်းနဲ့ယာဥ်နောက်လိုက်များကို RDTဖြင့် မြို့ဝင်ဂိတ်တွင်စစ်ဆေးနေခြင်းသည် ဟားခါးမြို့ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရန် စစ်ဆေးနေခြင်းဖြစ်ပါသည်။

တင်ဒါလျှောက်ထားသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသမားများ၊ အလည်ပတ်လာသူများ၊ အခြားကိစ္စများအတွက်လာရောက်သောသူများအတွက် မဟုတ်ပါ။ ထိုသူများမှာ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များအတိုင်း လိုက်နာဆေ+ာင်ရွက်ရမည်ဖြစ်ပါသည်။

RDTဖြင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များကိုစစ်ရာတွင်လည်း ပိုးတွေ့ရှိရမှုအဖြေမှာ နည်းလွန်းသဖြင့် ၃ကြိမ်၊ ၄ကြိမ်လောက်စစ်ဆေးပြီးမှသာ ပိုးတွေ့ရှိရတတ်ပါသည်။Negative အဖြေရတိုင်း ပိုးမတွေ့ဟု အတိအကျမှတ်မယူစေလိုပါဘူး။ ရဲရဲတင်းတင်းလည်း စိတ်မချရနိုင်ပါဘူး။ ဒါကြောင့် COVID 19ဆိုင်ရာ ညွန်ကြားချက်များအားလုံး၊ စည်းကမ်းချက်များအားလုံးကိုလိုက်နာဖို့လိုအပ်ပါတယ်။စစ်ဆေးရေးဂိတ်တွင် စစ်ပြီး Negative ဖြစ်ရင်လည်း မြို့ထဲဝင်ခွင့်မရှိပါ။ အဝေးပြေးကားဂိတ်မှာဘဲနေခြင်း၊ စားသောက်ခြင်း၊ အိပ်ခြင်း၊ ကုန်ပစ္စည်းချခြင်းတို့ကို ကုန်ကားဂိတ်မှူးကစီစဥ်ပေးရမှာဖြစ်ပါတယ်။Negative ဖြစ်လို့ မြို့ထဲဝင်လာကြခြင်း၊ မိသားစုနှင့်နေထိုင်ခြင်းတို့သည် အလွန်အန္တရာယ်များပါတယ်။

ထိုသူမှာ ရောဂါပိုးရှိရက်နဲ့မရှိဘူးဆိုပြီးမှားပြတတ်တဲ့ Errorက RTDမှာရှိပါတယ်။ ဟားခါးမြို့နယ်နှင့်ထိစပ်နေသော ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ပိုးတွေ့လူနာများ တော်တော်များလာတာကို နေ့စဥ်တွေ့နေရပါတယ်။ ဒါကြောင့် အရာရာ သတိထားပေးကြပြီး ကျွန်တော်တို့နှင့်ပူးပေါင်း၍ COVID 19 ရောဂါကို ဝိုင်းဝန်းထိန်းချုပ် ကာကွယ်ကြပါစို့လို့ ဆန္ဒပြု အကူညီတောင်းခံအပ်ပါသည်။

စည်းကမ်းချက်များကိုလိုက်နာရန်ပျက်ကွက်သော ကုန်ကားများကိုတွေ့ရှိပါက -မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ၀၉၄၅၅၄၇၇၃၃၀၊ပြည်နယ်ပိုဆောင်ရေးစီမံကိန်းဦးစီးဌာန ၀၉၂၅၅၇၀၄၇၇၀ သို့ဆက်သွယ်သတင်းပေးကြပါရန် အကူညီတောင်းခံအပ်ပါသည်။ချင်းပြည်နယ် အစိုးရအဖွဲ့မှ တင်ဒါလျှောက်လွှာရောင်းချမှုနှင့် တင်ဒါခေါ်ယူမည့်အစီအစဥ်သတ်မှတ်ချက်များ လိုက်နာရန်အကြံပြုချက်ကိုလည်းလေ့လာနိုင်ကြစေရန် တစ်ပါတည်းထပ်မံဖော်ပြပေးလိုက်ပါသည်။