ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်မဟုတ်

( Zawgyi )

ေရြးေကာက္ပဲြ၌ ပလက္၀ၿမိဳ႕နယ္ ေက်းရြာအုပ္စု (၉၄) တြင္ ေရြးေကာက္ပဲြမက်င္းပႏိုင္ေၾကာင္းႏွင့္ ေရြးေကာက္ပဲြ မက်င္းပႏိုင္သည့္ ေနရာမ်ားတြင္ ေရြးေကာက္ပဲြျပန္လည္က်င္းပမည္မဟုတ္ေၾကာင္း သိရသည္။

ပလက္၀ၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စု (၁၀၂) ခုရွိသည့္အနက္ ပလက္၀ၿမိဳ႕ ရက္ကြက္ (၄) ခု၊ ဆမီးၿမိဳ႕ရွိ ရပ္ကြက္ (၃)ခုႏွင့္ ဆင္းလက္၀ အုပ္စုမ်ားတြင္သာ ေရြးေကာက္ပဲြက်င္းပႏိုင္သည္။

ေရြးေကာက္ပဲြျပန္လည္မက်င္းပမည့္ကိစၥပတ္သက္ၿပီး ခ်င္းျပည္နယ္ ေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြ ဥကၠ႒ Pu Uk Nawl က “ပလက္၀ၿမိဳ႕နယ္မွာ ေရြးေကာက္ပဲြ (၈) ေနရာမွာပဲ က်င္းပႏိုင္ခဲ့တယ္။ အဲဒီလို ေရြးေကာက္ပဲြ မက်င္းပႏိုင္တာ စစ္ပဲြျဖစ္ေပၚေနတာေၾကာင့္ ျဖစ္တယ္။ ဒီ (၈) ခုမွာ ေရြးေကာက္ပဲြက်င္းပႏိုင္တာကလဲ တပ္မေတာ္ဖက္ကေန လုံၿခဳံေရးတာ၀န္ယူမယ္လို႕ ဆိုထားတဲ့အတြက္ လုပ္ႏိုင္တာျဖစ္တယ္။ ေရြးေကာက္ပဲြ မက်င္းပႏိုင္တဲ့ ေနရာေတြကို အခု (၈) ေနရာမွာ က်င္းပၿပီး အႏိုင္ရေနတဲ့ ကိုယ္စားလွယ္ေတြကို အက်ဴံး၀င္ ေစမွာျဖစ္တယ္္။ ကိုယ္စားလွယ္ (၁၉) ဦး၀င္ၿပိဳင္ၾကတယ္။ အဲဒီအထဲမွာ အမ်ဳိးသားမဲဆႏၵနယ္ေျမအမွတ္ (၈) မွ (၅) ဦး၊ အမ်ဳိးသားမဲဆႏၵနယ္ေျမအမွတ္ (၇) မွ (၅)ဦး၊ ျပည္သူ႕လႊတ္ေတာ္မွ (၃) ဦး၊ ျပည္နယ္လႊတ္ေတာ္ အမွတ္ (၁) မွ (၂)ဦး၊ အမွတ္ (၂) မွ (၄) ဦး စသျဖင့္ ၀င္ၿပိဳင္ၾကတယ္။” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

ေရြးေကာက္ပဲြျပန္လည္မက်င္းပသည့္အေနအထားႏွင့္ပတ္သက္ၿပီး အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ အမွတ္ (၈) မွ ၀င္ၿပိဳင္ခဲ့သည့္ CNLD ပါတီ Pu Bu Thang Pai က“ ပလက္၀ၿမိဳ႕နယ္ ေရြးေကာက္ပဲြ က်င္းပႏိုင္ တဲ့ေဒသမ်ားကေန မဲစာရင္း ေကာင္းေကာင္းထြက္ေပၚလာတဲ့အေပၚ ေက်းဇူးတင္တယ္။ ေရြးေကာက္ပဲြ မက်င္းပႏိုင္တဲ့ ေနရာေတြရွိေပမဲ့ အခုအႏိုင္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ထြက္လာပါတယ္။ ဒါေပမဲ့ အမ်ားျပည္သူကေတာ့ ေက်နပ္မယ္မထင္ဘူး။ ေရြးေကာက္ပဲြျပန္လည္က်င္းပေပးဖို႕အေရးကိုေတာ့ စိတ္မ၀င္ စားဘူး“ ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

၂၀၂၀ အေထြေထြေရြးေကာက္ပဲြ၌ ပလက္၀ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ (၈) ခုတြင္ ေရြးေကာက္ပဲြက်င္းပႏိုင္ၿပီး မဲဆႏၵမဲေပးႏိုင္သူ တေသာင္းခဲြခန္႕ရွိေၾကာင္း သိရသည္။

( Unicode )

ရွေးကောက်ပွဲ၌ ပလက်ဝမြို့နယ် ကျေးရွာအုပ်စု (၉၄) တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်မဟုတ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၂) ခုရှိသည့်အနက် ပလက်ဝမြို့ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ရှိ ရပ်ကွက် (၃)ခုနှင့် ဆင်းလက်၀ အုပ်စုများတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်သည်။

ရွေးကောက်ပွဲပြန်လည်မကျင်းပမည့်ကိစ္စပတ်သက်ပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ Pu Uk Nawl က “ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ (၈) နေရာမှာပဲ ကျင်းပနိုင်ခဲ့တယ်။ အဲဒီလို ရွေးကောက်ပွဲ မကျင်းပနိုင်တာ စစ်ပွဲဖြစ်ပေါ်နေတာကြောင့် ဖြစ်တယ်။ ဒီ (၈) ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်တာကလဲ တပ်မတော်ဖက်ကနေ လုံခြုံရေးတာဝန်ယူမယ်လို့ ဆိုထားတဲ့အတွက် လုပ်နိုင်တာဖြစ်တယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အခု (၈) နေရာမှာ ကျင်းပပြီး အနိုင်ရနေတဲ့ ကိုယ်စားလှယ်တွေကို အကျူံးဝင် စေမှာဖြစ်တယ်။ ကိုယ်စားလှယ် (၁၉) ဦးဝင်ပြိုင်ကြတယ်။ အဲဒီအထဲမှာ အမျိုးသားမဲဆန္ဒနယ်မြေအမှတ် (၈) မှ (၅) ဦး၊ အမျိုးသားမဲဆန္ဒနယ်မြေအမှတ် (၇) မှ (၅)ဦး၊ ပြည်သူ့လွှတ်တော်မှ (၃) ဦး၊ ပြည်နယ်လွှတ်တော် အမှတ် (၁) မှ (၂)ဦး၊ အမှတ် (၂) မှ (၄) ဦး စသဖြင့် ဝင်ပြိုင်ကြတယ်။” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

ရွေးကောက်ပွဲပြန်လည်မကျင်းပသည့်အနေအထားနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၈) မှ ဝင်ပြိုင်ခဲ့သည့် CNLD ပါတီ Pu Bu Thang Pai က“ ပလက်ဝမြို့နယ် ရွေးကောက်ပွဲ ကျင်းပနိုင် တဲ့ဒေသများကနေ မဲစာရင်း ကောင်းကောင်းထွက်ပေါ်လာတဲ့အပေါ် ကျေးဇူးတင်တယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေရှိပေမဲ့ အခုအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ထွက်လာပါတယ်။ ဒါပေမဲ့ အများပြည်သူကတော့ ကျေနပ်မယ်မထင်ဘူး။ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အရေးကိုတော့ စိတ်မဝင် စားဘူး“ ဟု ဟားခါးပို့စ်ကို ပြောပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေ (၈) ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ပြီး မဲဆန္ဒမဲပေးနိုင်သူ တသောင်းခွဲခန့်ရှိကြောင်း သိရသည်။