ကြာတာႏိုင္ငံအစိုးရက မေလးရွားႏိုင္ငံ ဒုကၡသည္မ်ား၏ ပညာေရးအတြက္ ကူညီ ( ကွာတာနိုင်ငံအစိုးရက မလေးရှားနိုင်ငံ ဒုက္ခသည်များ၏ ပညာရေးအတွက် ကူညီ )

(Zawgyi)

အေရွ႕အလယ္ပိုင္းရွိ ကြာတာႏိုင္ငံ အစိုးရက မေလးရွားႏိုင္ငံရွိ ဒုကၡသည္မ်ား၏ ပညာေရးအတြက္ ကူညီေထာက္ပံ့ေနေၾကာင္း သိရသည္။

ဤကူညီေထာက္ပံ့မႈႏွင့္ပတ္သက္ၿပီး Salai James က“ဒီေထာက္ပံ့မႈဟာ ဒုကၡသည္ေတြ ပညာေရး အတြက္ ေထာက္ပံ့တာျဖစ္တယ္။ အခု UNHCR ရုံးကေန စာရင္းျပဳစုေနတယ္၊ ဒုကၡသည္ေတြရဲ႕ ေက်ာင္းေတြ အမ်ားႀကီး ရွိတယ္၊ အဲဒါေတြကို ကြာတာႏိုင္ငံရဲ႕ ေထာက္ပံ့ေငြနဲ႕ ကူညီေထာက္ပံ့မယ္လို ယူဆတယ္။ ဒီေထာက္ပံ့မႈကို ေက်ာင္းအသုံးစာရိတ္နဲ႕ ေက်ာင္းဆရာ၊ ဆရာမေတြကိုပဲ ေထာက္ပံ့မွာျဖစ္တယ္။ ၿပီးေတာ့ မေလးရွားမွာ ဒုကၡသည္ စာရင္းမွာ ပါ၀င္သူေတြကိုလည္း ေထာက္ပံ့မွာပါ။ ဒီေထာက္ပံ့ေငြကို ေက်ာင္းေတြအတြက္ အိမ္ဌားခ၊ မီး၊ ေရခ စတာေတြအတြက္ ကူညီမယ္။ ဆရာ၊ ဆရာမ ေတြကိုေတာ့ ေန႕တြက္အတြက္ ေထာက္ပံ့မယ္ ထင္တယ္။ ဒီေထာက္ပံ့ေငြကို UNHCR က အသိအမွတ္ျပဳတဲ့ ဒုကၡသည္ေတြကိုသာ ေပးမွာမဟုတ္ဘူး၊ အသိအမွတ္မျပဳသူေတြရဲ႕ ကေလးေတြကိုလည္း အက်ဴံး၀င္မွာျဖစ္တယ္။ ဥပမာ- ကြ်န္ေတာ္တို႕ အဖဲြ႕က ACR Learning Centre ဖြင့္ထားၿပီး ဆရာ၊ ဆရာမ (၉) ဦးခန္႕ထားတယ္။ အဲဒီမွာ အင္ဒိုနီးရွားႏိုင္ငံက လာၾကတဲ့ ကေလးေတြလဲတက္ေနၾကတယ္။ ကြ်န္ေတာ္တို႕ေက်ာင္းကို UNHCR က အသိအမွတ္ျပဳထားတယ္။ အဲဒီ ကေလးေတြထဲက အသိအမွတ္ျပဳမႈရရွိသူေတြနဲ႕ မရရွိေသးတဲ့သူေတြကို ျပန္စီစစ္မယ္။ ေထာက္ပံ့မႈ မေပးသင့္ တဲ့ေက်ာင္းေတြလဲရွိတယ္။ ေထာက္ပံ့မႈေပးတဲ့အခါ ပညာေရးစနစ္၊ အေဆာက္အဦးနဲ႕ အသုံးအေဆာင္ အရည္အခ်င္း၊ ဖဲြ႕စည္းပုံအေနအထားကို စီစစ္ၿပီး ေပးမွာျဖစ္တယ္။ အဲဒီအရည္အခ်င္း မျပည့္တဲ့ေက်ာင္း ေတြကိုေထာက္ပံ့မွာမဟုတ္ဘူး” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

မေလးရွား ဒုကၡသည္မ်ား၏ ပညာေရးအတြက္ ကြာတာႏိုင္ငံ အစိုးရက အေမရိကန္ေဒၚလာ (၃၀၀၀၀၀)၊ မေလးရွားေငြျဖင့္ ၁.၂ မီလီယံ ကူညီေထာက္ပံ့ၿပီး ကေလး (၁၅၀၀) ဦးႏွင့္ ေက်ာင္းဆရာ၊ ဆရာမ (၆၉) ဦး ခန္႕ ကူညီေထာက္ပံ့ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

(Unicode)

မလေးရှား ဒုက္ခသည်များ၏ ပညာရေးအတွက် ကွာတာနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ (၃၀၀၀၀၀)၊ မလေးရှားငွေဖြင့် ၁.၂ မီလီယံ ကူညီထောက်ပံ့ပြီး ကလေး (၁၅၀၀) ဦးနှင့် ကျောင်းဆရာ၊ ဆရာမ (၆၉) ဦး ခန့် ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းရှိ ကွာတာနိုင်ငံ အစိုးရက မလေးရှားနိုင်ငံရှိ ဒုက္ခသည်များ၏ ပညာရေးအတွက် ကူညီထောက်ပံ့နေကြောင်း သိရသည်။

ဤကူညီထောက်ပံ့မှုနှင့်ပတ်သက်ပြီး Salai James က“ဒီထောက်ပံ့မှုဟာ ဒုက္ခသည်တွေ ပညာရေး အတွက် ထောက်ပံ့တာဖြစ်တယ်။ အခု UNHCR ရုံးကနေ စာရင်းပြုစုနေတယ်၊ ဒုက္ခသည်တွေရဲ့ ကျောင်းတွေ အများကြီး ရှိတယ်၊ အဲဒါတွေကို ကွာတာနိုင်ငံရဲ့ ထောက်ပံ့ငွေနဲ့ ကူညီထောက်ပံ့မယ်လို ယူဆတယ်။ ဒီထောက်ပံ့မှုကို ကျောင်းအသုံးစာရိတ်နဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုပဲ ထောက်ပံ့မှာဖြစ်တယ်။ ပြီးတော့ မလေးရှားမှာ ဒုက္ခသည် စာရင်းမှာ ပါဝင်သူတွေကိုလည်း ထောက်ပံ့မှာပါ။ ဒီထောက်ပံ့ငွေကို ကျောင်းတွေအတွက် အိမ်ဌားခ၊ မီး၊ ရေခ စတာတွေအတွက် ကူညီမယ်။ ဆရာ၊ ဆရာမ တွေကိုတော့ နေ့တွက်အတွက် ထောက်ပံ့မယ် ထင်တယ်။ ဒီထောက်ပံ့ငွေကို UNHCR က အသိအမှတ်ပြုတဲ့ ဒုက္ခသည်တွေကိုသာ ပေးမှာမဟုတ်ဘူး၊ အသိအမှတ်မပြုသူတွေရဲ့ ကလေးတွေကိုလည်း အကျူံးဝင်မှာဖြစ်တယ်။ ဥပမာ- ကျွန်တော်တို့ အဖွဲ့က ACR Learning Centre ဖွင့်ထားပြီး ဆရာ၊ ဆရာမ (၉) ဦးခန့်ထားတယ်။ အဲဒီမှာ အင်ဒိုနီးရှားနိုင်ငံက လာကြတဲ့ ကလေးတွေလဲတက်နေကြတယ်။ ကျွန်တော်တို့ကျောင်းကို UNHCR က အသိအမှတ်ပြုထားတယ်။ အဲဒီ ကလေးတွေထဲက အသိအမှတ်ပြုမှုရရှိသူတွေနဲ့ မရရှိသေးတဲ့သူတွေကို ပြန်စီစစ်မယ်။ ထောက်ပံ့မှု မပေးသင့် တဲ့ကျောင်းတွေလဲရှိတယ်။ ထောက်ပံ့မှုပေးတဲ့အခါ ပညာရေးစနစ်၊ အဆောက်အဦးနဲ့ အသုံးအဆောင် အရည်အချင်း၊ ဖွဲ့စည်းပုံအနေအထားကို စီစစ်ပြီး ပေးမှာဖြစ်တယ်။ အဲဒီအရည်အချင်း မပြည့်တဲ့ကျောင်း တွေကိုထောက်ပံ့မှာမဟုတ်ဘူး” ဟု ဟားခါးပို့စ်ကို ပြောပြသည်။