လာမည့် အစိုးရသစ်မတိုင်မီ ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် လွှတ်တော်တွင်အတည်ပြု ( လာမည့္ အစိုးရသစ္မတိုင္မီ ဟားခါးၿမိဳ႕ ေသာက္သုံးေရရရွိေရးအတြက္ လႊတ္ေတာ္တြင္အတည္ျပဳ )

( Unicode )

NLD ပါတီတက်လာပြီး ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် ဟားခါးမြို့ သောက်သုံးရေရရှိရေးကို ယခုထိတိုင် မဆောင်ရွက်နိုင်သေးသောကြောင့် လာမည့်အစိုးရသစ် မတိုင်မီ အပြီးဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ က ၂၃ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းပြီး ဆွေးနွေးကြခြင်းဖြစ်သည်။

ဤအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးထံမှ ဆန္ဒခံယူခဲ့ရာ လွှတ်တော်အမတ် (၁၅)ဦးမှ ထောက်ခံပြီး လာမည့်အစိုးရသစ် မတိုင်ခင် အပြီးဆောင်ရွက်ရန် အတည်ပြုခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်အစည်းအဝေးတွင် (၂)ရက်ကြာဆွေးနွေးပြီး ယခုကဲ့သို့ အတည်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ သောက်သုံးရေရရှိရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး  Pu Sui Thio က “ ဟားခါးမြို့ ဟာ နှစ်တိုင်း ဖေဖော်ဝါရီလကနေ သောက်သုံးရေ အခက်အခဲဖြစ် နေတယ်။ အခုသောက်သုံးရေရရှိရေးကိစ္စ ဆောင်ရွက်တာ အချိန်တော်တော်ကြာပြီ။ မြို့ သစ်တိုးချဲ့ တဲ့ နေရာတွေမှာ သောက်သုံးရေ ပြဿနာရှိနေတာကြောင့် အမြန်ဆုံး ဆောင်ရွက်ဖို့လိုလာတယ်။ ဒါကြောင့် လာမယ့် အစိုးရသစ် မတိုင်မီ အပြီးဆောင်ရွက်နိုင်ဖို့ သဘောတူတာဖြစ်တယ်” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

ဟားခါးမြို့တွင် သောက်သုံးရေရရှိရေးအတွက် K&DL နှင့် မိုးကုတ်ရွှေရီ ကုမ္ပဏီတို့ကို ဆောင်ရွက်စေသော် လည်း ကန့်သတ်ပေးထားသည့် အချိန်အတွင်း အပြီးဆောင်နိုင်ခြင်းမရှိသောကြောင့် တရားစွဲဆိုရန် ချင်းပြည်နယ် အစိုးရက လုပ်ဆောင်နေကြောင်း သိရသည်။

ဤကုမ္ပဏီကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်အမတ် ဦးအောင်လျန် က“ ဒီကုမ္ပဏီတွေ ကိစ္စကို လက်ရှိ အစိုးရ တာဝန်ရှိသူတွေက အရေးတကြီး လုပ်ဆောင်ဖို့လိုတယ်။ ညှိနှိုင်းလို့မရရင် ဥပဒေအရ ဆောင်ရွက်သင့်တယ်” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ကျပ်ငွေ (၂၉၀၀) မီလီယံ လျာထား ပေးခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် အပြီးလုပ်ဆောင်ရန် အစိုးရနှင့် ကုမ္ပဏီအကြား စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော် သတ်မှတ်ထားသည့် အချိန်အတွင်း အပြီးဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အပြီးလုပ်ဆောင်ရန် ရက်ရွှေ့ပေးခဲ့သည်။

ဟားခါးမြို့တွင် သောက်သုံးရေရရှိရေးအဆိုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင်  လွှတ်တော်ကိုယ်စားလှယ် U Pyi Min က အဆိုတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

( Zawgyi )

NLD ပါတီတက္လာၿပီး ၂၀၁၆ ခုႏွစ္မွ စတင္အေကာင္အထည္ေဖာ္ခဲ့သည့္ ဟားခါးၿမိဳ႕ ေသာက္သုံးေရရရွိေရးကို ယခုထိတိုင္ မေဆာင္ရြက္ႏိုင္ေသးေသာေၾကာင့္ လာမည့္အစုိးရသစ္ မတိုင္မီ အၿပီးေဆာင္ရြက္ႏိုင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ခ်ဳိ႕ က ၂၃ ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေ၀းတြင္ အဆိုတင္သြင္းၿပီး ေဆြးေႏြးၾကျခင္းျဖစ္သည္။

ဤအဆိုကို လႊတ္ေတာ္ကိုယ္စားလွယ္ (၂၁) ဦးထံမွ ဆႏၵခံယူခဲ့ရာ လႊတ္ေတာ္အမတ္ (၁၅)ဦးမွ ေထာက္ခံၿပီး လာမည့္အစိုးရသစ္ မတိုင္ခင္ အၿပီးေဆာင္ရြက္ရန္ အတည္ျပဳျခင္းျဖစ္သည္။

ယင္းအဆိုကို လႊတ္ေတာ္အစည္းအေ၀းတြင္ (၂)ရက္ၾကာေဆြးေႏြးၿပီး ယခုကဲ့သို႕ အတည္ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

ဟားခါးၿမိဳ႕ ေသာက္သုံးေရရရွိေရးႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သည့္ လမ္းပန္းဆက္သြယ္ ေရး၀န္ႀကီး  Pu Sui Thio က “ ဟားခါးၿမိဳ႕ ဟာ ႏွစ္တိုင္း ေဖေဖာ္၀ါရီလကေန ေသာက္သုံးေရ အခက္အခဲျဖစ္ ေနတယ္။ အခုေသာက္သုံးေရရရွိေရးကိစၥ ေဆာင္ရြက္တာ အခ်ိန္ေတာ္ေတာ္ၾကာၿပီ။ ၿမိဳ႕ သစ္တိုးခ်ဲ႕ တဲ့ ေနရာေတြမွာ ေသာက္သုံးေရ ျပႆနာရွိေနတာေၾကာင့္ အျမန္ဆုံး ေဆာင္ရြက္ဖို႕လိုလာတယ္။ ဒါေၾကာင့္ လာမယ့္ အစိုးရသစ္ မတိုင္မီ အၿပီးေဆာင္ရြက္ႏိုင္ဖို႕ သေဘာတူတာျဖစ္တယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

ဟားခါးၿမိဳ႕တြင္ ေသာက္သုံးေရရရွိေရးအတြက္ K&DL ႏွင့္ မိုးကုတ္ေရႊရီ ကုမၸဏီတို႕ကို ေဆာင္ရြက္ေစေသာ္ လည္း ကန္႕သတ္ေပးထားသည့္ အခ်ိန္အတြင္း အၿပီးေဆာင္ႏိုင္ျခင္းမရွိေသာေၾကာင့္ တရားစဲြဆိုရန္ ခ်င္းျပည္နယ္ အစိုးရက လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဤကုမၸဏီကိစၥႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္အမတ္ ဦးေအာင္လ်န္ က“ ဒီကုမၸဏီေတြ ကိစၥကို လက္ရွိ အစိုးရ တာ၀န္ရွိသူေတြက အေရးတႀကီး လုပ္ေဆာင္ဖို႕လိုတယ္။ ညွိႏွဳိင္းလို႕မရရင္ ဥပေဒအရ ေဆာင္ရြက္သင့္တယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

ဟားခါးၿမိဳ႕ ေသာက္သုံးေရရရွိေရးအတြက္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္၌ က်ပ္ေငြ (၂၉၀၀) မီလီယံ လ်ာထား ေပးခဲ့ၿပီး ၂၀၁၇ ခုႏွစ္ မတ္လတြင္ အၿပီးလုပ္ေဆာင္ရန္ အစိုးရႏွင့္ ကုမၸဏီအၾကား စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။ သို႕ေသာ္ သတ္မွတ္ထားသည့္ အခ်ိန္အတြင္း အၿပီးေဆာင္ရြက္ႏိုင္ျခင္းမရွိသည့္အတြက္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတြင္ အၿပီးလုပ္ေဆာင္ရန္ ရက္ေရႊ႕ေပးခဲ့သည္။

ဟားခါးၿမိဳ႕တြင္ ေသာက္သုံးေရရရွိေရးအဆိုကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ၌ က်င္းပျပဳလုပ္သည့္ လႊတ္ေတာ္ အစည္းအေ၀းတြင္  လႊတ္ေတာ္ကိုယ္စားလွယ္ U Pyi Min က အဆိုတင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။