ဟားခါး၊ ဖလမ်းမြို့နှင့် ချွန်ကျုံး ကျေးရွာများတွင် Latsi Nu Women Agency က စည်းရုံးလှုံ့ဆော်ခြင်း ပြုလုပ်မည် ( ဟားခါးၿမိဳ႕ေပၚရွိ ထမင္းဆိုင္မ်ားဆိုင္ထိုင္ခြင့္ကန္႕သတ္ထားရာကေန ဒီဇင္ဘာလမွစ၍ ျပန္လည္ဖြင့္ခြင့္ျပဳမည္ )

( Unicode )

Latsi Nu Women Agency အဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့ အတွင်း ချင်းပြည်နယ် ဟားခါး၊ ဖလမ်းမြို့နှင့် ချွန်ကျုံး ကျေးရွာများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုဖြစ်ပေါ်နေသည့်အခြေအနေများကို လှည့်လည် စည်းရုံးလှုံ့ဆော်မှုနှင့် ပညာပေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး Latsi Nu Women Agency အဖွဲ့၏ တာဝန်ရှိသူ Merry Lalchanmawi က “Latsi Nu Women Agency အဖွဲ့က အမျိုးသမီးရေးရာ ကိစ္စ ဆောင်ရွက်နေတာဖြစ်တယ်။ အခု ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ (၁၆) ရက်အတွင်း လှုပ်ရှားမှုလုပ်နေတယ်။ ဟားခါး၊ ဖလမ်းမြို့  နှင့် ချွန်ကျုံး ကျေးရွာတွေမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၆) ရက် ကနေ (၁၀) ရက်အထိ လှုပ်ရှားမှု လုပ်ဖို့စီစဉ်နေတယ်” ဟု ဟားခါးပို့စ်ကို ပြောပြခဲ့သည်။

Latsi Nu Women Agency အဖွဲ့က ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့မှ စတင်လုပ်ဆောင်သည့် ဤလှုပ်ရှားမှုသည် ချင်းပြည်နယ် မတူပီ၊ ရေဇွာ၊ ဆမီးနှင့် ပလက်ဝမြို့များတွင် ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် များတွင်လည်းပြုလုပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ပြုလုပ်ရာတွင် အမျိုးသမီးများ အတင်းအဓမ္မပြုကျင့်ခြင်းနှင့် အမျိုးသမီးများ၏ လုပ်ငန်းဆောင်ရွက် ချက်ကိစ္စများပါဝင်ကြောင်း သိရသည်။

ချင်းအမျိုးသမီးများ အဓမ္မပြုကျင့်ခြင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက်ချက်အပေါ် Saw Khin Htwe က “အမျိုးသမီးတွေ အဓမ္မပြုကျင့်အပေါ်မှာ အစိုးရက ကိုင်တွယ်ပုံကိုင်တွယ်နည်းကို အားမလိုအားမရဖြစ် နေတယ်လို့မြင်တယ်။ အစိုးရ တာဝန်ရှိသူနဲ့ အပြစ်ရှိတဲ့ သူတွေအကြားမှာ နားလည်မှု၊ အပေးအယူလုပ်မှု တွေ ရှိနေတယ်။ ထောင်ဒဏ် အနှစ် (၂၀) ပြစ်ဒဏ်ချမှတ်တဲ့ သူတွေက ငွေရေးကြေးရေး သုံးနိုင်ရင် နှစ်အနည်းငယ် သာ ထောင်ကျခိုင်းတာတွေရှိနေတယ်။ အဲဒီတွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်” ဟု ဟားခါးပို့စ်ကို ပြောသည်။

ဤလှုပ်ရှားမှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့၌ ချွန်ကျုံး ကျေးရွာတွင်လည်းကောင်း၊ ဒီဇင်ဘာလ (၇) ရက်၌ ဖလမ်းမြို့တွင်လည်းကောင်း၊ ဒီဇင်ဘာလ ( ၉ – ၁၀ ) ရက်များ၌ ဟားခါးမြို့တွင်လည်းကောင်း လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

( Zawgyi )

 Latsi Nu Women Agency အဖဲြ႕၏ ဦးေဆာင္မႈျဖင့္ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၆) ရက္ေန႕မွ (၁၀) ရက္ေန႕ အတြင္း ခ်င္းျပည္နယ္ ဟားခါး၊ ဖလမ္းၿမိဳ႕ႏွင့္ ခြ်န္က်ံဳး ေက်းရြာမ်ားတြင္ အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္ မႈျဖစ္ေပၚေနသည့္အေျခအေနမ်ားကို လွည့္လည္ စည္းရုံးလႈံ႕ေဆာ္မႈႏွင့္ ပညာေပးမႈ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဤကိစၥႏွင့္ပတ္သက္ၿပီး Latsi Nu Women Agency အဖဲြ႕၏ တာ၀န္ရွိသူ Merry Lalchanmawi က “Latsi Nu Women Agency အဖဲြ႕က အမ်ဳိးသမီးေရးရာ ကိစၥ ေဆာင္ရြက္ေနတာျဖစ္တယ္။ အခု ရခိုင္ျပည္နယ္နဲ႕ ခ်င္းျပည္နယ္ေတြမွာ (၁၆) ရက္အတြင္း လႈပ္ရွားမႈလုပ္ေနတယ္။ ဟားခါး၊ ဖလမ္းၿမိဳ႕  နွင့္ ခြ်န္က်ံဳး ေက်းရြာေတြမွာ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၆) ရက္ ကေန (၁၀) ရက္အထိ လႈပ္ရွားမႈ လုပ္ဖို႕စီစဥ္ေနတယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပခဲ့သည္။

Latsi Nu Women Agency အဖဲြ႕က ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ (၂၅) ရက္ေန႕မွ စတင္လုပ္ေဆာင္သည့္ ဤလႈပ္ရွားမႈသည္ ခ်င္းျပည္နယ္ မတူပီ၊ ေရဇြာ၊ ဆမီးႏွင့္ ပလက္၀ၿမိဳ႕မ်ားတြင္ ျပဳလုပ္ခဲ့ေၾကာင္း ရခိုင္ျပည္နယ္ မ်ားတြင္လည္းျပဳလုပ္ေနေၾကာင္း သိရသည္။

ယခုကဲ့သို႔ျပဳလုပ္ရာတြင္ အမ်ဳိးသမီးမ်ား အတင္းအဓမၼျပဳက်င့္ျခင္းႏွင့္ အမ်ဳိးသမီးမ်ား၏ လုပ္ငန္းေဆာင္ရြက္ ခ်က္ကိစၥမ်ားပါ၀င္ေၾကာင္း သိရသည္။

ခ်င္းအမ်ဳိးသမီးမ်ား အဓမၼျပဳက်င့္ျခင္းကိစၥႏွင့္ပတ္သက္ၿပီး အစုိးရ၏ ေဆာင္ရြက္ခ်က္အေပၚ Saw Khin Htwe က “အမ်ဳိးသမီးေတြ အဓမၼျပဳက်င့္အေပၚမွာ အစိုးရက ကိုင္တြယ္ပုံကိုင္တြယ္နည္းကို အားမလိုအားမရျဖစ္ ေနတယ္လို႕ျမင္တယ္။ အစိုးရ တာ၀န္ရွိသူနဲ႕ အျပစ္ရွိတဲ့ သူေတြအၾကားမွာ နားလည္မႈ၊ အေပးအယူလုပ္မႈ ေတြ ရွိေနတယ္။ ေထာင္ဒဏ္ အႏွစ္ (၂၀) ျပစ္ဒဏ္ခ်မွတ္တဲ့ သူေတြက ေငြေရးေၾကးေရး သုံးႏိုင္ရင္ ႏွစ္အနည္းငယ္ သာ ေထာင္က်ခိုင္းတာေတြရွိေနတယ္။ အဲဒီေတြကို မွန္မွန္ကန္ကန္ ျဖစ္ေစခ်င္တယ္” ဟု ဟားခါးပို႕စ္ကို ေျပာသည္။

ဤလႈပ္ရွားမႈကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၆) ရက္ေန႕၌ ခြ်န္က်ံဳး ေက်းရြာတြင္လည္းေကာင္း၊ ဒီဇင္ဘာလ (၇) ရက္၌ ဖလမ္းၿမိဳ႕တြင္လည္းေကာင္း၊ ဒီဇင္ဘာလ ( ၉ – ၁၀ ) ရက္မ်ား၌ ဟားခါးၿမိဳ႕တြင္လည္းေကာင္း လုပ္ေဆာင္ရန္ျဖစ္ေၾကာင္း သိရသည္။