အိန္ဒိယအစိုးရ၏ ထောက်ပံ့ငွေဖြင့် တီးတိန်နှင့် ရိဒ်မြို့အကြား ကားလမ်း ဖောက်လုပ်မည်

(Unicode)

အိန္ဒိယအစိုးရ၏ ထောက်ပံ့ငွေဖြင့် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်နှင့် ရိဒ်မြို့ ကြား ကားလမ်းကို ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၂၀၄) မီလီယံ ကုန်ကျခံဖြင့် ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် နယ်စပ်ထိစပ်နေသည့် ရိဒ်မြို့ နှင့် တီးတိန်မြို့ သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်နေသော်လည်း ကားလမ်းကောင်းမွန်မှု မရှိသေးသောကြောင့် ကားမှောက်မှုနှင့် သွားလာရေးတွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Pu Sui Thio က “အခု တီးတိန်ကနေ ရိဒ်မြို့ အထိ ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို အိန္ဒိယအစိုးရရဲ့ ထောက်ပံ့ငွေနဲ့ ဖောက်လုပ်မှာ ဖြစ်တယ်၊ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ စီစဉ်နေတာ ကြာပြီ။ လမ်းဖောက်လုပ်တဲ့နေရာမှာ ဒေသခံလူထုတွေ ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးပေးမှာဖြစ်တယ်။ အခုလမ်းအသစ်ဖောက်လုပ်ဖို့ စီမံကိန်းက လက်ရှိ လမ်းထက် တဆလောက်ကွာဝေးမှာဖြစ်တယ်” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

ရိဒ်နှင့် တီးတိန်အကြား လမ်းသည် (၃၅) မိုင် (၅) ဖာလုံရှိနေပြီး ယခုဖောက်လုပ်မည့်လမ်းသည် (၆၂) မိုင် ကျော်ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

(Zawgyi)

အိႏၵိယအစိုးရ၏ ေထာက္ပ့ံေငြျဖင့္ ခ်င္းျပည္နယ္ ေျမာက္ပိုင္း တီးတိန္ႏွင့္ ရိဒ္ၿမိဳ႕ ၾကား ကားလမ္းကို ၂၀၂၁ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ (၂၀၄) မီလီယံ ကုန္က်ခံျဖင့္ ေဆာက္လုပ္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ နယ္စပ္ထိစပ္ေနသည့္ ရိဒ္ၿမိဳ႕ ႏွင့္ တီးတိန္ၿမိဳ႕ သည္ ျမန္မာႏုိင္ငံႏွင့္ အိႏၵိယႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျဖစ္ေနေသာ္လည္း ကားလမ္းေကာင္းမြန္မႈ မရွိေသးေသာေၾကာင့္ ကားေမွာက္မႈႏွင့္ သြားလာေရးတြင္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

ဤကိစၥႏွင့္ပတ္သက္ၿပီး ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီး Pu Sui Thio က “အခု တီးတိန္ကေန ရိဒ္ၿမိဳ႕ အထိ ကားလမ္းေဖာက္လုပ္ေရးလုပ္ငန္းကို အိႏၵိယအစိုးရရဲ႕ ေထာက္ပံ့ေငြနဲ႕ ေဖာက္လုပ္မွာ ျဖစ္တယ္၊ ဒီစီမံကိန္း အေကာင္အထည္ေဖာ္ဖို႕ စီစဥ္ေနတာ ၾကာၿပီ။ လမ္းေဖာက္လုပ္တဲ့ေနရာမွာ ေဒသခံလူထုေတြ ထိခိုက္နစ္နာမႈေတြအတြက္ ေလ်ာ္ေၾကးေပးမွာျဖစ္တယ္။ အခုလမ္းအသစ္ေဖာက္လုပ္ဖို႕ စီမံကိန္းက လက္ရွိ လမ္းထက္ တဆေလာက္ကြာေ၀းမွာျဖစ္တယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

ရိဒ္ႏွင့္ တီးတိန္အၾကား လမ္းသည္ (၃၅) မိုင္ (၅) ဖာလုံရွိေနၿပီး ယခုေဖာက္လုပ္မည့္လမ္းသည္ (၆၂) မိုင္ ေက်ာ္ျဖစ္မည္ဟု ခန္႕မွန္းထားေၾကာင္း သိရသည္။