၂.၉ ဘီလီယံ ကုန်ကျဖြင့် ပြုလုပ်သည့် ထန်တလန်မြို့ ရေသွယ်ယူရေး မျှော်မှန်းထားသည့်အတိုင်း ရေမရရှိ ( ၂.၉ မီလီယံ ကုန္က်ျဖင့္ ျပဳလုပ္သည့္ ထန္တလန္ၿမိဳ႕ ေရသြယ္ယူေရး ေမွ်ာ္မွန္းထားသည့္အတုိင္း ေရမရရွိ )

(Unicode)

၂၀၁၉ခုနှစ် အောက်တိုဘာလမှ ကျပ်ငွေ (၂.၉) ဘီလီယံကုန်ကျဖြင့် စတင်ဆောင်ရွက်သည့် ထန်တလန်မြို့ သောက်သုံးရေရရှိရေးကို မျှော်မှန်းထားသည့်အတိုင်း ရေမရရှိနိုင်သောကြောင့် အခက်ကြုံနေရကြောင်း သိရသည်။

ထန်တလန်မြို့ သောက်သုံးရေရရှိနိုင်ရန်အတွက် ထန်တလန်မြို့ နယ် Sihcang ကျေးရွာအတွင်းရှိ Khuaivati မှ ရေသွယ်ယူရေး လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည်။

ထန်တလန်မြို့ပေါ်တွင် သောက်သုံးရေ ခက်ခဲမှုနှင့်ပတ်သက်ပြီး ထန်တလန်မြို့ ဒေသခံ Pu Sang Cem က “ထန်တလန်မြို့ ပေါ်မှာ သောက်သုံးရေရရှိတဲ့ ရပ်ကွက်နဲ့ မရနိုင်တဲ့ ရပ်ကွက်ရှိတယ်။ ငွေရေးကြေးရေး အမြောက်အမြား အကုန်ကျခံပြီး ရေသွယ်ယူရေးလုပ်ငန်း ဆောင်ရွက်တာဖြစ်တယ်။ ဒီရေသွယ်ယူရေး လုပ်ငန်း ဆောင်ရွက်လို့ ဒေသခံတွေ ဝမ်းသာခဲ့ကြတယ်။ ဒါပေမဲ့ ရေသွယ်ယူမှု မလုပ်ခင်နဲ့ လုပ်ပြီးတဲ့ အခြေအနေက ဘာမှမထူးဘူး။ အဲဒီရေ မသွယ်ယူမီမှာ ရေဗိုက်တလုံးကို အိမ်ထောင်စု (၇)ခုကနေ နေ့တိုင်း ရေ (၅) ပုံးစီ ရတယ်။ အဲဒီသွယ်ယူပြီးမှလဲ အရင်အတိုင်းပဲရနေကြတယ်။ အခုဒီဇင်ဘာလအတွင်းမှာ (၄) ပုံးပဲရကြတယ်။ အဲဒီအခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

ထန်တလန်မြို့ပေါ်တွင် (၂)ရက်ခြားပြီး သောက်သုံးရေ ပေးဝေနိုင်သော်လည်း ရေပေးဝေရေး ပုံမမှန် ကြောင်း၊ မနက်ပိုင်းတွင် ပုံမှန်ပေးဝေနိုင်သော်လည်း ညနေပိုင်းတွင်မူ ပုံမမှန်ကြောင်း သိရသည်။

ထို့နောက် ထန်တလန်မြို့ဒေသခံ Pu Roben က“ ဒီရေသွယ်ယူမှု ဖွင့်ပွဲလဲလုပ်ပြီ။ ရေတခါမှ မရသေးဘူး။ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်။ ရေပိုက် တခုကို အိမ်ထောင်စု (၆) ခုက ရေတပုံးစီပဲရတယ်။ ရေတပုံးနဲ့ ချက်ရေးပြုပ်ရေးအတွက် တော်တော် အခက်တွေ့တယ်။ အဝတ်အစားတွေကို ချောင်းတွေမှာ သွားပြီး လျှော်နေရတယ်” ဟု ဟားခါးပို့စ်ကို ပြောပြသည်။

Sihcang ဒေသမှ ရေသွယ်ယူရေးလုပ်ငန်း လုပ်ဆောင်ပြီး ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထန်တလန်မြို့ပေါ် အထိ ရေသွယ်ယူနိုင်ပြီဖြစ်သော်လည်း ယခုအထိ သောက်သုံးရေ စနစ်တကျ ပေးဝေခြင်းမရှိသေးကြောင်း သိရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ထန်တလန်မြို့နယ် စည်ပင်မှူး Pu Van Za Uk က“Khuai ချောင်းကနေ ရေသွယ်ယူတာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရေရရှိခဲ့ပြီ။ မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းကိုတော့ လာမယ့် နှစ် ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖေါ်ဆောင်ရွက်မယ်။ ကျောင်းရပ်ကွက်ဖက်ကိုတော့ မရဘူး။ အဲဒီဖက်ကို တော့ ရေလုံလောက်မှုရှိနေတာကြောင့် ရေမသွယ်ပေးဘူး။ အဲလိုရေပေးဝေရေး လုပ်ငန်းလုပ်တဲ့အခါ ရပ်ကွက် တာဝန်ရှိသူတွေရဲ့ သဘောထားကိုယူပြီး ဆောင်ရွက်တာဖြစ်တယ်” ဟု ဟားခါးပို့စ်ကိုပြောသည်။

(Zawgyi)

 ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလမွ က်ပ္ေငြ (၂.၉) ဘီလီယံကုန္က်ျဖင့္ စတင္ေဆာင္ရြက္သည့္ ထန္တလန္ၿမိဳ႕ ေသာက္သုံးေရရရွိေရးကို ေမွ်ာ္မွန္းထားသည့္အတိုင္း ေရမရရွိႏိုင္ေသာေၾကာင့္ အခက္ႀကဳံေနရေၾကာင္း သိရသည္။

ထန္တလန္ၿမိဳ႕ ေသာက္သုံးေရရရွိႏိုင္ရန္အတြက္ ထန္တလန္ၿမိဳ႕ နယ္ Sihcang ေက်းရြာအတြင္းရွိ Khuaivati မွ ေရသြယ္ယူေရး လုပ္ငန္းေဆာင္ရြက္ျခင္းျဖစ္သည္။

ထန္တလန္ၿမိဳ ့ေပၚတြင္ ေသာက္သုံးေရ ခက္ခဲမႈႏွင့္ပတ္သက္ၿပီး ထန္တလန္ၿမိဳ႕ ေဒသခံ Pu Sang Cem က “ထန္တလန္ၿမိဳ႕ ေပၚမွာ ေသာက္သုံးေရရရွိတဲ့ ရပ္ကြက္နဲ႕ မရႏိုင္တဲ့ ရပ္ကြက္ရွိတယ္။ ေငြေရးေၾကးေရး အေျမာက္အျမား အကုန္က်ခံၿပီး ေရသြယ္ယူေရးလုပ္ငန္း ေဆာင္ရြက္တာျဖစ္တယ္။ ဒီေရသြယ္ယူေရး လုပ္ငန္း ေဆာင္ရြက္လို႕ ေဒသခံေတြ ၀မ္းသာခဲ့ၾကတယ္။ ဒါေပမဲ့ ေရသြယ္ယူမႈ မလုပ္ခင္နဲ႕ လုပ္ၿပီးတဲ့ အေျခအေနက ဘာမွမထူးဘူး။ အဲဒီေရ မသြယ္ယူမီမွာ ေရဗိုက္တလုံးကို အိမ္ေထာင္စု (၇)ခုကေန ေန႕တိုင္း ေရ (၅) ပုံးစီ ရတယ္။ အဲဒီသြယ္ယူၿပီးမွလဲ အရင္အတိုင္းပဲရေနၾကတယ္။ အခုဒီဇင္ဘာလအတြင္းမွာ (၄) ပုံးပဲရၾကတယ္။ အဲဒီအေျခအေနကို သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ေဆာင္ရြက္ေပးေစလိုပါတယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

ထန္တလန္ၿမိဳ႕ေပၚတြင္ (၂)ရက္ျခားၿပီး ေသာက္သုံးေရ ေပးေ၀ႏိုင္ေသာ္လည္း ေရေပးေ၀ေရး ပုံမမွန္ ေၾကာင္း၊ မနက္ပိုင္းတြင္ ပုံမွန္ေပးေ၀ႏိုင္ေသာ္လည္း ညေနပိုင္းတြင္မူ ပုံမမွန္ေၾကာင္း သိရသည္။

ထို႕ေနာက္ ထန္တလန္ၿမိဳ႕ေဒသခံ Pu Roben က“ ဒီေရသြယ္ယူမႈ ဖြင့္ပဲြလဲလုပ္ၿပီ။ ေရတခါမွ မရေသးဘူး။ ေသာက္သုံးေရ အခက္အခဲျဖစ္ေနတယ္။ ေရပိုက္ တခုကို အိမ္ေထာင္စု (၆) ခုက ေရတပုံးစီပဲရတယ္။ ေရတပုံးနဲ႕ ခ်က္ေရးျပဳပ္ေရးအတြက္ ေတာ္ေတာ္ အခက္ေတြ႕တယ္။ အ၀တ္အစားေတြကို ေခ်ာင္းေတြမွာ သြားၿပီး ေလွ်ာ္ေနရတယ္” ဟု ဟားခါးပို႕စ္ကို ေျပာျပသည္။

Sihcang ေဒသမွ ေရသြယ္ယူေရးလုပ္ငန္း လုပ္ေဆာင္ၿပီး ၂၀၂၀ ခုႏွစ္ ေဖေဖၚ၀ါရီလတြင္ ထန္တလန္ၿမိဳ႕ေပၚ အထိ ေရသြယ္ယူႏိုင္ၿပီျဖစ္ေသာ္လည္း ယခုအထိ ေသာက္သုံးေရ စနစ္တက် ေပးေ၀ျခင္းမရွိေသးေၾကာင္း သိရသည္။

ဤကိစၥႏွင့္ပတ္သက္ၿပီး ထန္တလန္ၿမိဳ႕နယ္ စည္ပင္မွဴး Pu Van Za Uk က“Khuai ေခ်ာင္းကေန ေရသြယ္ယူတာ ၂၀၂၀ ခုႏွစ္ ေဖေဖၚ၀ါရီလမွာ ေရရရွိခဲ့ၿပီ။ ၿမိဳ႕အတြင္း ေရေပးေ၀ေရးလုပ္ငန္းကိုေတာ့ လာမယ့္ ႏွစ္ ဘ႑ာႏွစ္မွာ အေကာင္အထည္ေဖၚေဆာင္ရြက္မယ္။ ေက်ာင္းရပ္ကြက္ဖက္ကိုေတာ့ မရဘူး။ အဲဒီဖက္ကို ေတာ့ ေရလုံေလာက္မႈရွိေနတာေၾကာင့္ ေရမသြယ္ေပးဘူး။ အဲလိုေရေပးေ၀ေရး လုပ္ငန္းလုပ္တဲ့အခါ ရပ္ကြက္ တာ၀န္ရွိသူေတြရဲ႕ သေဘာထားကိုယူၿပီး ေဆာင္ရြက္တာျဖစ္တယ္” ဟု ဟားခါးပို႕စ္ကိုေျပာသည္။