(Unicode)
တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းယူလိုက်ပြီး ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ဝန်ကြီးအချို ့ကို ပြန်လွှတ်ပေးထားသော်လည်း ဝန်ကြီးနှစ်ဦးနှင့် လွှတ်တော်ဥက္ကဌတို့ကိုမူ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဥက္ကဌ ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအာနှင့် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ ့တို့ကိုမူ ဒီကနေ့ အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းရရှိထားပါသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်းက “၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ စည်ပင်ဥက္ကဌ ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအာနှင့် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ ့တို့ဟာ အိမ်ကို ပြန်မရောက်ကြသေးပါဘူး။ ကျွန်ုပ်ကိုမူ ဖမ်းတဲ့နေ့မှာဘဲ ပြန်လွှတ်ပေးလိုက်ပါပြီ။ ပြီးတော့ ဝန်ကြီးချုပ်ကိုလည်း ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ပြန်လွတ်ပေးပြီးပါပြီ။ ဖမ်းဆီးထိန်းသိမ်းတဲ့ အချိန်မှာလည်း ခြိမ်းခြောက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း တစ်စုံတစ်ရာမရှိပါဘူး။ အကုန်အဆင်ပြေပါတယ်။ ခုဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးများနဲ့မူ အဆက်အသွယ်မရသဖြင့် ကျိုးကြောင်းမသိပါ။” ဟုဟားခါးပိုစ့်ကို ပြောသည်။
တပ်မတော်က ဖမ်းဆီးပြီးပြန်လွှတ်ထားတဲ့ ဝန်ကြီးများကို နေအိမ်တွင် အကျယ်ချုပ်ထားကြောင်း သိရှိထားပါသည်။ အိမ်အပြင်ဘက်တွင် တပ်သားများက ဝန်းရံထားကြပြီး လူအဝင် အထွက်ကိုလည်း စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။ အကျယ်ချုပ်ခံရခြင်းကြောင့် အစားသောက် ခက်ခဲလျက်ရှိကြောင်းလည်း သတင်းရရှိထားပါသည်။
အစားအသောက်နှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်းက “အိမ်အကျယ်ချုပ်ခံရပြီးနောက်ပိုင်း ဦးဖွေအာ မိသားစုစားသောက်ရေးတွင် အခက်အခဲတွေ့နေကြပါတယ်။ ခုထိ အိမ်အကျယ်ချုပ်ခံရထားဆဲပါဘဲ။ တပ်သားများ အိမ်အပြင်ဘက်က စောင့်ကြပ်မှုကြောင့် အပြင်ထွက်ခွင့် မရကြပါဘူး။ အပြင်ထွက်ခွင့် မရလို့ စားစရာ ပြတ်လတ်ခဲ့ကြပါသည်။ ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ။ အပြင်ထွက်ခွင့်တောင်းလိုက်တော့ ကားသမားနှင့် တပ်သားတစ်ချို ့လိုက်ပါခဲ့ကြပါသည်။ အဆင်ပြေသွားပါပြီ။” ဟု ဟားခါးပိုစ့်ကိုပြောသည်။
(Zawgyi)