(Unicode) တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းယူလိုက်ပြီး ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ဝန်ကြီးအချို ့ကို ပြန်လွှတ်ပေးထားသော်လည်း ဝန်ကြီးနှစ်ဦးနှင့် လွှတ်တော်ဥက္ကဌတို့ကိုမူ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဥက္ကဌ ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအာနှင့် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ ့တို့ကိုမူ ဒီကနေ့ အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းရရှိထားပါသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်းက “၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ စည်ပင်ဥက္ကဌ ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအာနှင့် လွှတ်တော် ဥက္ကဌ … Read more
(Unicode) တပ်မတော်က ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာ သိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သဘောထားထုတ်ပြန်ချက်စာကို ၂၀၂၁ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သတင်းရရှိထားပါသည်။ သဘောထားထုတ်ပြန်ချက်စာထဲတွင် “ပြည်သူလူထု၏ ဆန္ဒသဘောထားအတိုင်း ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားသော အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်များကို လက်နက်ကိုင် စစ်အာဏာရှင်အုပ်စုတစ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော်၏ အာဏာ၃ရပ်ကို လက်နက်အားကိုးဖြင့် တရားနည်းလမ်းမကျ သိမ်းယူထားပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ ့တစ်ခုကို ပြည်သူ ့ဆန္ဒနှင့် ဆန့်ကျင်လျက် ဖွဲ့စည်းထားပါသဖြင့် ဟားခါးပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်များက ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အလုပ်တာဝန်များကို ဆက်လက်လုပ်ကိုင်ခြင်း မပြုလိုဘဲ မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်သည့် အနေဖြင့် CIVIL DISOBEDIENCE CAMPAIGN (CDC) ကို စတင် ကြေညာလိုက်ပြီ” ဟု ရေးသားထားပါသည်။ ဟားခါးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော … Read more
ဟားခါးဘဏ်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လျက်ရှိ (ဟားခါးဘဏ္မ်ား ပံုမွန္အတိုင္း ျပန္လည္ဖြင့္လွစ္လ်က္ရွိ)
(Unicode) စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဟားခါးမြို့ရှိဘဏ်များ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိကြောင်း သတင်းရရှိထားပါသည်။ ဟားခါး KBZဘဏ်တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက “ဘဏ်လုပ်ငန်းတွေဟာ ပုံမှန်လုပ်ငန်းချိန်အတိုင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါတယ်။ ငွေအဝင် အထွက်တွေ ဘဏ်လုပ်ငန်းဆောင်ရွက်မှုတွေလည်း ပုံမှန်အတိုင်းပါဘဲ” လို့ ဟားခါးပိုစ့်ကို ပြောသည်။ မြန်မာနိုင်ငံရှိဘဏ်များဖြစ်သည့် CB Bank, KBZ Bank, AYA Bank တွေလည်း ပုံမှန်အတိုင်းလည်ပတ်နေကြကြောင်း ၎င်းတို့၏ ဖေ့ဘုတ်စ် စာမျက်နှာပေါ်တွင် ဖော်ပြထားကြပါသည်။ ATM, CRM Internet banking နှင့် CB pay တို့လည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးကို အာဏာသိမ်းယူပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပြီးနောက် ဘဏ်လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်နိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂ … Read more
(Unicode) မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရသော ချင်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးများအားလုံးနှင့် လွှတ်တော်ဥက္ကဌတို့ကို ဖေဖော်ဝါရီလ ၄ ရက်နေ့နောက်ဆုံးထားပြီး ဝန်ကြီးအိမ်ရာများ မှထွက်ခွာရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။ ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ ့တို့အပါအဝင် ချင်းပြည်နယ် ဝန်ကြီးများအားလုံး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ရိပ်သာတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ တပ်မတော်ရဲ ့ အမိန့်အရ အစိုးရ အဖွဲ့  ဝင်ဝန်ကြီးများ အစိုးရအိမ်ဝန်းမှ ဖေဖော်ဝါရီလ ၄ရက်နေ့နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု သတင်းရရှိပါသည်။ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုက “အမိန့်အရ ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကျွန်တော်တို့ ပြောင်းရွေ ့ရပါတော့မည်။ ပြီးတော့ … Read more
စစ်အာဏာသိမ်းခြင်းကို သြစတီးလ်ားရောက် ချင်းလူမျိုး ၆၀ ကျော် ကန့်ကွက်ဆန္ဒပြ    (စစ်အာဏာသိမ်းခြင်းကို သြစတီးလျားရောက် ချင်းလူမျိုး ၆၀ ကျော် ကန့် ကွက်ဆန္ဒပြ)
(Unicode) ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့နံနက်တွင် တပ်မတော်အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူကန့်ကွက် ရှုံချကြဖို့ သြစတီးလျားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃၀၀ကျော်က ဒီကနေ့တွင်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ကန့်ကွက်ဆန္ဒပြ သူများထဲတွင် ချင်းလူမျိုး ၆၀ကျော် ပါဝင်ကြကြောင်း သြစတီးလျားနိုင်ငံရောက် ချင်းအမျိုးသားတစ်ဦး Salai Pawlung TNထံမှ သတင်းရရှိထားပါသည်။ Salai Pawlung TNက “မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ်  သြစတီးလျားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃၀၀ကျော်က ၂၀၂၁ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ မြန်မာနိုင်ငံသား ၃၀၀ထဲတွင် ချင်းလူမျိုး ၆၀ကျော်ပါဝင်ကြပါတယ်။ သြစတီးလျားနိုင်ငံ ဗစ်တိုရီးယား ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း ကျွန်တော်တို့နှင့် အတူ ပါဝင်ခဲ့ကြတယ်။ “ကြွေးကြော်သံမှာ စစ်အာဏာသိမ်းခြင်းအပေါ် ထိရောက်စွာအရေးယူပေးပါ” … Read more
(Unicode) ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဇန်နဝါရီ ၂၉ရက်နေ့အထိ ကွာရန်တင်းနေထိုင်သူ ၂၂၇ဦးရှိကြောင်း သတင်းရရှိထားပါသည်။ ဟားခါး အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ဇန်နဝါရီလ ၂၇ရက်နေ့အထိ ကွာရန်တင်းတွင် နေထိုင်သူ ၂၂၇ဦးရှိပြီဖြစ်ကြောင်း” ဟားခါးပိုစ့်ကိုပြောသည်။ ကွာရန်တင်းတွင် နေထိုင်သူများကို အစိုးရက တစ်ရက်လျှင် ၃၅၀၀ကျပ် ထောက်ပံ့ပေးလျက်ရှိပါသည်။ ကွာရန်တင်းစင်တာတွင် ၁၄ရက်နေထိုင်ကြပြီး တစ်ဦးလျှင် ၄၉၀၀၀ကျပ်ထောက်ပံ့ပေးလျှက်ရှိနေပါသည်။ အစိုးရကထောက်ပံ့ပေးသူများတွင် ကုမ္ပဏီအလုပ်သမားများနှင့် အစိုးရဝန်ထမ်းများကိုမူ ထောက်ပံ့ပေးခြင်းမရှိဟု သိရှိရပါသည်။ ယခင်ကမူ ကွာရန်တင်းနေထိုင်သူများကို ၁၄ရက်ကြာနေထိုင်အပြီးတွင် နေအိမ်၌ ၇ရက်ကြာပြန်လည်နေထိုင်ခဲ့ကြသည်။ ယခုတွင်မူ ကွာရန်တင်းစင်တာကနေထွက်လျှင် နေအိမ်တွင် ၇ရက်ကြာနေထိုင်ရန်မလိုတော့ကြောင့် သတင်းရရှိထားပါသည်။ (Zawgyi) ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဇန်န၀ါရီ ၂၉ရက်နေ့ အထိ ကွာရန်တင်းနေထိုင်သူ ၂၂၇ဦးရှိကြောင်း သတင်းရရှိထားပါသည်။ ဟားခါး အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ဇန်န၀ါရီလ … Read more
(Unicode) ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နယ်တွင် ၂၀၁၈မှ ၂၀၂၀ ပြည့်နှစ်အထိ အမှုကြီးဟု သတ်မှတ်ထားသော အမှု ၇မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ရဲစခန်းက လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်ယာယီမှု၊ မတရားအသင်းဖွဲ့မှု တို့ကို အမှုကြီး (၁၀)မှုအဖြစ် သတ်မှတ်ထားပါသည်။ ဟားခါးမြို့နယ်တွင် အမှုကြီးဟု သတ်မှတ်ထားသော မုဒိမ်းမှုကို ၂၀၁၈ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၂၀ခုနှစ်တွင် နှစ်ကြိမ် ရှိခဲ့ပါသည်။ ဟားခါးမြို့နယ် စခန်းမှူးက “၂၀၁၉ တစ်နှစ်လုံးတွင် အမှုကြီး တစ်မှုမှမရှိခဲ့ပါဘူး။ ၂၀၁၈နှင့် ၂၀၂၀တွင်သာ အမှုကြီး ရင်ဆိုင်ဖြေရှင်းခဲ့ကြရတယ်။ ဟားခါးကိုရောက်တာ မကြာသေးတော့ အမှုကြီးတွေကို မစီရင်လိုက်ရဘူး။ ဟားခါးဟာ လူဦးရေသိပ်သည်းလာတဲ့အတွက် အမှုတွေလည်းများလာမှာပါဘဲ။ တစ်ရက်ထက်တစ်ရက်တိုးတက်လာတော့ ကျွန်တော်တို့ ပိုပြီးကြီးကြပ်ဖို့လိုလာပါတယ်။ … Read more
(Unicode) ၂၀၁၆ – ၂၀၂၀ ပြည့်နှစ်မအတွင်း ချင်းပြည်နယ်တွင် ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းဝေး ၂၄ကြိမ်ကျင်းပခဲ့ကြပြီး ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ (၁၂) ကြိမ်ပျက်ကွက်ခဲ့ပါသည်။ လွှတ်တော်ပုံမှန်အစည်းဝေးကို တစ်ကြိမ်တစ်ခါမှ မပျက်ကွက်သူမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)မှ  ဝင်ရောက်အရွေးခံခဲ့တဲ့ ဆလိုင်းအောင်လျန်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ချင်းပြည်နယ် ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းဝေး ၂၄ကြိမ်ကျင်းပပြီးချိန်တွင် တစ်ကြိမ်တစ်ခါမှ မပျက်ကွက်သူမှာ ဆလိုင်း အောင်လျန်ဖြစ်ပြီး၊ တစ်ကြိမ်သာ ပျက်ကွက်သူမှာ အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ်၊ မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)ကနေ ဝင်ရောက်အရွေးခံခဲ့တဲ့ ဝန်ကြီး ဦးဝီကောဖြစ်ပါသည်။ ချင်းပြည်နယ် ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းဝေးတွင် ပျက်ကွက်သူများစာရင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးက “ပျက်ကွက်သူတစ်ချို ့မှာ ကျန်းမာရေး အခြေအနေကြောင့် ပျက်ကွက်ကြရခြင်းဖြစ်သည်။ တစ်ချို … Read more
(Unicode) ချင်းပြည်နယ်လွှတ်တော်တွင် ၂၀၁၆ – ၂၀၂၀အတွင်း အဆိုတင် ဆွေးနွေးခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးရှိပြီး ၎င်း ၆ဦးထဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးသုံးဦးပါဝင်ကြောင်း ချင်းပြည်နယ်လွှတ်တော်စာရင်းအရ သိရှိထားပါသည်။ ငါးနှစ်လုံးလုံး လွှတ်တော်အစည်းအဝေးတွင် တစ်ကြိမ်မှ အဆိုတင်သွင်းခြင်း မရှိသူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်(Lian Luai)၊ ဝန်ကြီး ဦးရွှေထီးယို(Sui Thio)၊ ဝန်ကြီး ဦးဝီကော(Vui Kaw)၊ လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့(Zo Bawi)၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ZCD)မှ ဝန်ကြီး ဦးပေါင်လွန်မင်ထန်း၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(CNLD)မှ လွှတ်တော် ကိုယ်စားလှယ် ဆလိုင်း အောင်လျန်တို့ဖြစ်သည်။ ဒုတိယကြိမ် လွှတ်တော် အစည်းအဝေးမှာ … Read more
(Unicode) မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန် ၂၀၂၀ မတ်လ ၂၃ရက်နေ့မှစ၍ ယနေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၅၂ ဦး ရှိပြီး သေဆုံးသူ ၁၁ဦးရှိကြောင်း သိရှိရပါသည်။ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူလူနာ ၁၁ ဦးမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီလ ၂၆ရက်နေ့တွင် သေဆုံးသူ အသက် ၂၆ အရွယ် အမျိုးသမီးမှာ အသက်အငယ်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။ Kalay COVID-19 Response Committee ဥက္ကဌ ဦးညီညီ က “ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန် ၂၀၂၀ မတ်လ ၂၃ရက်နေ့မှစ၍ ယနေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၅၂ ဦး ရှိပြီး သေဆုံးသူ ၁၁ဦးရှိတယ်။ … Read more